Millcon Thiha

Millcon Thiha မှကြိုဆိုပါသည်

Millcon Thiha မှကြိုဆိုပါသည်

ဦးအေးသီဟ

အမှုဆောင်အရာရှိချုပ်နှင့်တည်ထောင်သူ

ဦးအေးသီဟသည် Millcon Thiha Limited ၏အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး Millcon Thiha Group ၏တည်ထောင်သူတစ်ဦးလည်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး နယူးယောက်(ခ်)မြို့ရှိ UBS Company နှင့်အတူရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးလည်းဖြစ်သည်။

ဂျပန်နှင်ထိုင်းဖက်စပ်ကုမ္ပဏီဖြစ်သော Hidaka Thiha Recycling တွင်အမှုဆောင်အရာရှိချုပ်အနေနဲ့တာဝန်ယူဆောင်ရွက်နေသည့်အပြင် Express Food Group Myanmar ၏တည်ထောင်သူနှင့်ဒါရိုက်တာ၊ သီလဝါအထူးစက်မှုဇုံအခြေစိုက် သံမဏိပိုက်ထုတ်လုပ်ရေးလုပ်ငန်း Millcon Thiha GEL ကုမ္ပဏီ၏ ဒါရိုက်တာနှင့်အစုရှယ်ယာဝင်တစ်ဦးလည်းဖြစ်သည်

ဦးအေးသီဟအနေနဲ့ (MISA) မြန်မာသံနှင့်သံမဏိဆိုင်ရာအသင်းကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်တစ်ဦးအနေနဲ့တာဝန်ယူထားပြီး နိုင်ငံအတွင်းအရည်အသွေးကောင်းမွန်သော သံမဏိလုပ်ငန်းနယ်ပယ်တစ်ရပ်တိုးတက်ဖွံ့ဖြိုးမှုကို အလေးပေး‌ဆောင်ရွက်လျက်ရှိသည်။

သဘာဝသယံဇာတပေါများပြီး ပထဝီဝင်နိုင်ငံရေးအရ ဗျူဟာကျသော မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ယုံကြည်အားပေးထောက်ခံသူတစ်ဦးလည်းဖြစ်သည်။ ထိုကဲ့သို့ တိုးတက်လာမှု၏ အဓိကမဏ္တိုင်ဖြစ်သော နိုင်ငံအတွင်းအခြေခံအဆောက်အဦးများဖွံ့ဖြိုးတိုးတက်မှုတွင် အရည်အသွေးကောင်းမွန်သောသံမဏိပစ္စည်းများထောက်ပံ့မှုအနေနဲ့ အဓိကအရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟုလည်း ယုံကြည်လျက်ရှိသည်။

စီမံခန့်ခွဲမှုအရာရှိများ

my_MMMyanmar