Millcon Thiha

Millcon Thiha မှကြိုဆိုပါသည်

Millcon Thiha မှကြိုဆိုပါသည်

Millcon Thiha အနေနဲ့ အရည်အသွေးမြင့်ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိထုတ်ကုန်များကို ထုတ်လုပ်ဖြန့်ချီလျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျသော မြို့‌တော် ရန်ကုန်မြို့တွင်တည်ရှိပါသည်။ ၂၀၁၄ ခုနှစ်၌စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအချေစိုက်ဖြစ်ကာ အရည်အသွေးမြင့် သံမဏိထုတ်ကုန်များနှင့် ကွန်ကရစ်နှင့်ပတ်သက်သော ထုတ်ကုန်ပစ္စည်းများအား နိုင်ငံအတွင်း ဒေသအနှံ့ပို့ဆောင်ဖြန့်ဖြူးနေသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည် ။ အဓိကဖြန့်ဖြူးရောင်းချသော ထုတ်ကုန်များမှာ - Deformed Bar, Wire Rod, Hollow Pipe, GI Coils, Non-Shrink Grout, H Beam နှင့် Sheet Pile တို့ဖြစ်ပါသည်။ 

Millcon Thiha သည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး သံမဏိစက်ရုံဖြစ်သည့် Millcon Steel ၏ မိတ်ဖက်ပါတနာတစ်ဦးဖြစ်သည်။ Millcon Steel သည်ထိုင်းနိုင်ငံ၏ အကြီးဆုံးအရည်အသွေးမြင့် သံမဏိထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြုးရောင်းချသူတွေထဲမှ တစ်ဦးဖြစ်ပါ သည်။

အလားတူ နိုင်ငံအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ Millcon Thiha Gel Co.,ltd မှာ ကျွန်ုပ်တို့၏ အကျိုးတူပါတနာတစ်ဦးဖြစ်ပါသည်။

ကျွန်ုပ်တို့အနေနဲ့ အရည်အသွေးမြင့်မားသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုသာ တင်သွင်းပြီး နိုင်ငံအတွင်း အရည်အသွေးစံနှုန်းပြည့်မှီသော သံမဏိပစ္စည်းများ အသုံးပြုခြင်း ပြောင်းလဲမှုအရွေ့သို့ အဓိကရည်ရွယ်ချက်ထား၍ ဖော်ဆောင်လျက်ရှိပါသည်။

စီမံခန့်ခွဲမှုအရာရှိများ

လုပ်ဆောင်ချက်

မြန်မာနိုင်ငံအတွင်းဆောက်လုပ်ရေးနယ်ပယ်၌ အသုံးပြုသောသံမဏိလုပ်ငန်းများအစဥ်တိုးတက်ဖွံ့ဖြိုးစေရန်၊ အရည်အသွေးမြင့်သံမဏိပစ္စည်းများနှင့် ဝန်ဆောင်မှုများအား အာမခံချက်ဖြင့် ဖြန့်ဖြုးရောင်းချလျက်ရှိပြီး ပြည်တွင်းအသုံးပြုသူများ၊ အကျိုးတူပါတနာများနှင့်အတူ အစဥ်မပြတ်တိုးတက်ဖွံ့ဖြိုးမှုကို အဓိကထား၍ ကြိုးစားအားထုတ်လျက်ရှိပါသည်။

ရည်မှန်းချက်

မြန်မာနိုင်ငံအတွင်း အရည်အသွေးမြင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဖြန့်ဖြူးရောင်းချရာ၌ အယုံကြည်ရဆုံးဖြန့်ဖြူးရောင်းချသူ ~ ပါတနာ တစ်ဦးအဖြစ် ရပ်တည်နိုင်ရန်။

တန်ဖိုးထားသည့်အရာများ

ကမ္ဘာ့နိုင်ငံအသီးသီးမှ Supplier များဖြင့်ချိတ်ဆက်ထားခြင်း

Millcon Thiha Limited အနေနဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရသော ကမ္ဘာအနှံ့နိုင်ငံကြီးများရှိ Suppliers ကြီးများထံမှ တင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ အရည်သွေးကောင်းမွန်သော သံမဏိလုပ်ငန်းနယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲရပ်တည်နိုင်ရန် ကြိုးစားလျက်ရှိပါသည်။

အရည်အသွေးမြင့် သံမဏိထုတ်ကုန်များ ဖြန့်ဖြူး‌ရောင်းချခြင်း

မြန်မာနိုင်ငံအတွင်း အရည်သွေးကောင်းမွန်သော ဆောက်လုပ်‌ရေးလုပ်ငန်းခွင်တစ်ရပ်အဖြစ်ရပ်တည်နိုင်ရန် အားပေးလာပြီးနောက် Millcon Thiha Limited အနေနဲ့လည်း အသုံးပြုလိုအပ်ချက်များနှင့်ကိုက်ညီသော အရည်သွေးမြင့် အကောင်းဆုံးသံမဏိထုတ်ကုန်များကိုသာ တင်ပို့‌ရောင်းချဖြန့်ဖြူးလျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်း အရည်အသွေးမြင့်သံမဏိထုတ်ကုန်များကိုသာ အားပေးထောက်ခံခြင်း

Millcon Thiha Limited အနေနဲ့ အရည်အသွေးမြင့်ထုတ်ကုန်များသာ ယုံကြည်လျက်ရှိပြီး MISA (မြန်မာ့သံနှင့်သံမဏိဆိုင်ရာအဖွဲ့အစည်း) ကိုအဓိကအားပေးထောက်ခံထား‌သော ကုမ္ပဏီကြီးတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့်ပတ်သက်၍ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ နိုင်ငံအတွင်း အရည်အသွေးမြင့်သံမဏိထုတ်ကုန်များအား လိုအပ်ချက်အတိုင်း ကိုက်ညီစွာ အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံအနှံ့ဖြန့်ဖြူးရောင်းချခြင်း

မြန်မာနိုင်ငံ၏အဓိကမြို့နယ်တိုင်း‌ဒေသကြီးများအဖြစ် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်၊ မော်လမြိုင်၊ နေပြည်တော်နှင် ပဲခူးမြို့နယ်တို့အထိ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
အရည်အသွေးစစ်မှန်သော ထုတ်ကုန်များကိုသာ ထုတ်လုပ်သောနိုင်ငံများမှတင်သွင်းပြီး နိုင်ငံအတွင်းလိုအပ်သော အရည်သွေးကောင်းသံမဏိထုတ်ကုန်များကို ထောက်ပံ့ပေးနိုင်ရန် အစဥ်ကြိုးစားလျက်ရှိပါသည်။

CERTIFICATIONS & AWARDS

ဂိုဒေါင်တည်နေရာ

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

စုံစမ်းမေးမြန်းရန်

လူကြီးမင်းသိလိုသည်များ မေးမြန်းနိုင်ပါပြီ ...

About Us Page (Get an Enquiry)
my_MMMyanmar